ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဖ၊
ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။
နိုင်ငံတော်တည်ထောင်ပါစေသော။
အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့၊
မြေကြီးပေါ်မှာလည်း ပြည့်စုံပါစေသော။
အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ။
သူတစ်ပါးတို့သည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့၊
အကျွန်ုပ်တို့၏အပြစ်များကိုလည်း လွှတ်တော်မူပါ။
အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊
မကောင်းသောအမှုအရာတို့မှ ကယ်နှုတ်တော်မူပါ။
အကြောင်းမူကား၊ နိုင်ငံတော်နှင့်တန်ခိုးအာနုဘော်၊ ဘုန်းအသရေသည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ရှိပါ၏။
အာမင်။
0
/ 40
Tap or swipe after completing the prayer